ဆွမ်းတော်ကပ်ပြီးတဲ့အခါ ဘယ်အချိန်လောက် ပြန်စွန့်သင့်လဲ ?
မေး - ဆွမ်းတော်ကပ်ပြီးတဲ့အခါ ဘယ်အချိန်လောက် ပြန်စွန့်သင့်လဲ ?

ဖြေ - နေ့လည်(၁၂)နာရီမကျော်ခင် ဆွမ်းတော်စွန့်ပေးပါ။ နေ့စဥ် အပြင်သွားရမယ့် ကိစ္စတွေ၊ အလုပ်ကိစ္စတွေရှိပေမယ့် ဘုရားကျောင်းဆောင်မှာ နေ့စဥ် ပန်း ရေချမ်းအပြင် ဆွမ်းအာဟာရလည်း သဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းကြသူများ ရှိပါတယ်။ အလှူကြီးပေးနိုင်မှ မဟုတ်ပါဘူး။ မြတ်စွာဘုရားကို နေ့စဥ် ဆွမ်းတော်၊သောက်တော်ရေ ကပ်တာဟာလည်း မွန်မြတ်တဲ့ ကုသိုလ်ပါပဲ...။ ဟင်းမကောင်းလည်း ဆွမ်းတော်ကပ်နိုင်ပါတယ်။
ဒါပေမယ့် အလုပ်ကပြန်ရောက်တဲ့ အချိန် ၊ ညနေ ညဘက်မှ ဆွမ်းတော်ပြန်စွန့်တာထက် နေ့လည် (၁၂) နာရီမကျော်ခင်တော့ ပြန်စွန့်ပေးပါ။ အိမ်မှာကျန်ရှိသူ တစ်ဦးဦးကိုလည်း သတိပေးပြီး ပြန်စွန့်ခိုင်းနိုင်ပါတယ်။ အလုပ်မသွားခင် ဘုရားရှင် ဘုဥ်းပေးပြီးလောက်သည့် အချိန်ကိုမှန်းဆပြီးလည်း စွန့်နိုင်ပါတယ်။ သစ်သီးဆွမ်း မုန့်ဆွမ်းလည်း ထို့အတူပါပဲ...။ ညနေထိ မထားကောင်းတာမို့ နေ့လည် (၁၂) နာရီ မကျော်ခင်တော့ ပြန်စွန့်သင့်ပါတယ်။














