← Meditating & Taking Vows

(၁၁)မီးအပူတို့ ကင်းငြိမ်းစေရန် (၁၁) ရက် မေတ္တာသုတ်အဓိဋ္ဌာန်

A devotee
·10/22/2026·0

၁။ကိုယ်လက်သန့်စင်ပြီးလျှင်

ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ယနေ့အတွက် မေတ္တသုတ်ကို (၁၁) ခေါက်

အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက်

ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်

ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌

ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာ

တို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။

၅။ ကရဏီယမတ္ထကုသလေနမှစ၍ မေတ္တသုတ်

ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက်နာ ဆောင်ရွက်ရန်

~~~~~~~~~~~~~~~~

မေတ္တာပို့သည့်အခါ ... မေတ္တာပို့ရမည့် ပုဂ္ဂိုလ်များတွင်

အမုန်းဆုံးပုဂ္ဂိုလ်နှင့် အချစ်ဆုံးပုဂ္ဂိုလ်(ရည်းစား၊ခင်ပွန်း

ဇနီးနှင့် ကွယ်လွန်သူ) တို့ကို နောက်ဆုံးမှသာ မေတ္တာ

ပို့ရပါမည်။

ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရုက္ခစိုးနတ် ဘုမ္မစိုးနတ်

အာကာသစိုးနတ် သာသနာတော်စောင့်နတ်များကို လည်း

ကောင်း၊ ဥစ္စာစောင့်များနှင့် ပြိတ္တာများကို လည်းကောင်း အစဉ်

အတိုင်း မေတ္တာပို့ရမည်။ ပြီးလျှင် ကျေးဇူးရှင် မိဘများ ကျေးဇူး

ရှိဖူးသော ပုဂ္ဂိုလ်များကိုလည်း အစဉ်အတိုင်း မေတ္တာပို့ရမည်။

အဆိုပါ ပုဂ္ဂိုလ်တို့အား အာရုံထဲပေါ်လာတဲ့အထိ စူးစိုက်၍

အောက်ပါနည်းဖြင့် မေတ္တာပို့နိုင်ပါသည်။

ဥပမာ-ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့်နတ်

ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနတ်မင်းနှင့်တကွ သာသနာ

တော်စောင့် နတ်မင်းအပေါင်းတို့သည် ...

ဘေးရန်ကင်း၍ ချမ်းသာကြပါစေ။

ကြောင့်ကြကင်း၍ ဝမ်းသာကြပါစေ။

လိုတိုင်းရ၍ တတိုင်းပြည့်နိုင်ကြပါစေ။

ဟူ၍ မေတ္တာပို့ပေးရပါမည်။

၆။ ယင်းနည်းလမ်းအတိုင်း အစဉ်လိုက် မေတ္တာပို့ပြီးသွား

သောအခါ ဝေနေယျသတ္တဝါအားလုံးတို့ကို ထို့နေ့ပြုသမျှ

ကုသိုလ်အဖို့ဘာဂကို အမျှပေးဝေရပါမည်။

၇။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌ မိမိအဓိဋ္ဌာန်ကို သစ္စာ

ပြု၍ လိုရာဆုကို တောင်းရမည်။ ( အဓိဋ္ဌာန်ကာလအတွင်း တစ်

မျိုးတည်းသော ဆုကိုသာ တောင်းရမည်)

(၁၁)မီးအပူတို့ ကင်းငြိမ်းစေရန် (၁၁) ရက် မေတ္တာသုတ်အဓိဋ္ဌာန် | Walk with goodness, live each day in Mingalar Thukha.