မရှင်းနဲ့ မငြင်းနဲ့
မရှင်းပြဖြစ်တော့ဘူး.....
အသက်အရွယ်ရလာတော့
လူတစ်ချို့ကိုမရှင်းပြဖြစ်တော့ဘူး
ကိုယ်က ဘာမှမလုပ်ပဲ အထင်လွဲသူတစ်ချို့ကို
မရှင်းပြဖြစ်တော့ဘူး
ဖြည့်မတွေးပေးတတ်သူတစ်ချို့ကို
မရှင်းပြဖြစ်တော့ဘူး
ဘာမှမဟုတ်တဲ့ကိစ္စကို ပုံကြီးချဲ့ပြီး
တွေးတောနေသူတစ်ချို့ကို မရှင်းပြဖြစ်တော့ဘူး
အလွဲကို အလွဲအတိုင်းပဲထားလိုက်တယ်
အတည့်ကို အတည့်အတိုင်းပဲထားလိုက်တယ်
အလွဲကိုရှင်းရှင်းပြမှ ပိုလွဲသွားတတ်သလို
အတည့်ကိုရှင်းပြမှ စောင်းသွားတတ်လို့
အဲ့လို လူတစ်ချို့ကို မရှင်းပြဖြစ်တော့ဘူး
သူတို့စိတ်အတိုင်း သူတို့ကိုပေးနေပြီး
ကိုယ့်စိတ်အတိုင်း ကိုယ်နေဖြစ်ရင်းနဲ့ပဲ
လူတစ်ချို့ကိုမရှင်းပြဖြစ်တော့ဘူး
ရှင်းပြစရာမလိုပဲ ရှင်းအောင်နေတတ်သူတွေနဲ့ပဲ
ဘဝကိုအချိန်ကုန်လိုက်တယ်
ကိုယ်ကပဲ စွဲစွဲ၊ သူကပဲ စွဲစွဲ
အစွဲမတတ်ရင် အလွဲဖက်ဦးတည်တာမို့
သိပ်မရှင်းပြဖြစ်တော့ဘူး
ဘဝတိုတိုလေးမှာ တစ်ဦးနဲ့တစ်ဦး
မေတ္တာတရားအစစ်တွေနဲ့
ရှင်းပြစရာမလိုတဲ့ မုဒိရပ်ဝန်းမှာ နေနိုင်အောင်
မိမိစိတ်ကိုလေ့ကျင့်ရင်းဖြတ်သန်းတာဟာ
အေးချမ်းခြင်းတစ်မျိုးပဲမဟုတ်ပါလား
အေးမြမေတ္တာအရှင်သောဘန














