← Phenomena

ဝိဇ္ဇာဇော်ဂျီတွေရဲ့ အစောင့်အရှောက်ရရှိအောင်

A devotee
·10/22/2026·1

ဝိဇ္ဇာဇော်ဂျီတွေနဲ့ပတ်သက်ပြီးတော့ လာဘ်ခေါ်တဲ့မန္တန်တပုဒ်ရှိတယ် ဇော်ဂျီတွေထဲမှာ ဓနသိဒ္ဓိဇော်ဂျီဆို တဲ့ ပုဂ္ဂိုလ်တပါးရှိတယ်ပေါ့

လူတွေရဲ့ ချမ်းသာခြင်း ကြီးပွားခြင်းကိုဆောင်ကြဥ်းနိူင်တဲ့ အတက်ပညာ ဆေး အင်း စမ မန္တန်ကိုဆောင်ယူထားတဲ့ ဖေဇော်ဂျီပေါ့ မစကူညီတက်တဲ့ အဘလို အဖေလိုမျိုး ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဖေဇော်ဂျီလို့ခေါ်တာ တကယ်တော့ ဇော်ဂျီဆိုတာ ယောဂီဆိုတဲ့ စကားကနေ ဆင်းသက်လာတာပေါ့ ။ သူ့ရဲ့မန္တန်က -

"ဥုံ မဟာဓနသိဒ္ဓိဇော်ဂျီ ဣဟွှတ် ဣဟွှတ် မိူင်းဆရာမိူင်း"

ကိုယ့်ကိုယ် ချက်ခြင်း ဝန်းရံစောင့်ရှောက်စေတဲ့မန္တန်ပေါ့ ။ ချမ်းသာခြင်း ကြီးပွားခြင်း ရွှေမိုး ငွေမိုးရွာသကဲ့ ကြီးပွားတိုးတက်စေတယ် ။

မန္တန်ရွတ်တဲ့ ခနမှာဘဲ အနီးနားမှာရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေကနေပြီးတော့မှ ကိုယ့်ရဲ့ အကျိုးစည်းစိမ် အတွက်လာရောက် မစတဲ့အတွက် သူ့ကိုညရွှေမိုး ငွေမိုးရွာတဲ့ မန္တန်လို့တောင်တင်စားကြတယ် ။ ဒါကလူတွေရဲ့ ချမ်းသာမူ့ကံကိုစောင့်ရှောက်တဲ့ ဖေဇော်ဂျီရဲ့မန္တန်ဘဲ ဖြစ်ပါတယ် ။

ဆရာကျော်ဆွေဝင်းရဲ့ ဖော်ပြမှုကို ပြန်လည်၍​ မျှဝေပေးလိုက်ပါတယ် ။