ဝေဘူဆရာတော်ကြီးနှင့် ဓမ္မအမေးအဖြေ

တပည့်တော်တို့ "တိဟိတ်" ပဋိသန္ဓေ မဟုတ်လို့
တရား အားထုတ်ရင် နိဗ္ဗာန် ရပါ့မလား ဘုရား)။
ဝေဘူဆရာတော်။
"ဟိတ်" ဆိုတာ ဘာပြောတာလဲဟဲ့ သိလား။
ဒကာကြီး။
(အကြောင်းကို ပြောတာပါ ဘုရား)။
ဝေဘူဆရာတော်။
အဲဒါ ဘယ်လောက် ရှိတာလဲ။ ခြောက်ပါးရှိတာ
မဟုတ်လား။ လောဘ, ဒေါသ, မောဟရယ်,
အလောဘ, အဒေါသ, အမောဟရယ်။
ဒကာကြီး။
(မှန်ပါတယ် ဘုရား)။
ဝေဘူဆရာတော်။
ဘုရား ဆုံးမတဲ့အတိုင်း
ဒါလေး ထွက်သက် ဝင်သက်ကို သိနေရင်၊
နင့်တို့မှာ လိုချင်ပါတယ်ဆိုတဲ့ လောဘကော ရှိလား။
ဒကာကြီး။
(မရှိပါ ဘုရား)။
ဝေဘူဆရာတော်။
စိတ်ဆိုးပါတယ် ဆိုတဲ့ ဒေါသကော ရှိသေးရဲ့လား။
ဒကာကြီး။
(မရှိတော့ပါ ဘုရား)။
ဝေဘူဆရာတော်။
မသိမမြင် အယူတိမ်းမှားပြီး အမှန်တရားကို
ဖုံးကွယ်နေတဲ့ မောဟရော ရှိသေးရဲ့လား။
ဒကာကြီး။
(မရှိပါဘူး ဘုရား)။
ဝေဘူဆရာတော်။
အဲဒီ လောဘ, ဒေါသ, မောဟ, ကင်းနေတော့
ဘာတွေနဲ့ ယှဉ်ပြီး နေတာလဲ။
အလောဘ, အဒေါသ, အမောဟနဲ့, ယှဉ်ပြီး
နေတာ မဟုတ်လား။
ဒကာတော်။
(ဟုတ်ပါတယ် ဘုရား)။
ဝေဘူဆရာတော်။
အဲဒီလို အလောဘ အဒေါသအမောဟ
နင်တို့စိတ်ထဲမှာ တည်နေတာ "တိဟိတ်" မဟုတ်ဘူးလားဗျ။
ဒကာကြီး။
(ဟုတ်ပါတယ် ဘုရား)။
ဝေဘူဆရာတော်။
အဆုံးမတော်တိုင်းသာ ဆောင်ယူ ကျင့်သုံးပါဗျာ၊
အချိန်အခါနဲ့ ဝီရိယ ညီလာတဲ့အခါ မှန်းရာ ဗောဓိပြည့်စုံမယ်၊
ပြည့်စုံပြီးတော့ ဆိုက်ရောက် လာတဲ့အခါ လိုချင်တဲ့ ချမ်းသာ ရပါလိမ့်မယ်ဗျာ။
တွေးမနေပါနဲ့။
တွေးတယ်ဆိုတာ အနှစ်တရာ တွေးတော့လဲ အတွေးပါပဲ။ ဘာမှ ဖြစ်မလာပါဘူး။ ကြားရဲ့လား.. ။
ဝေဘူဆရာတော်ဘုရား ။













