ယပ်တော်သွင်း ကုသိုလ်
A devotee·10/29/2026·2

ပြင်းထန်လှတဲ့ အယ်နီညို အပူလှိုင်းဖြစ်စဉ်ကြောင့် မြန်မာပြည့်အနှံ့အပြား အပူလွန်ကဲဒါဏ်ကို ပြင်းထန်စွာ ခံစားနေရတဲ့ အချိန်ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်နေထိုင်ပါ ၊ ဘုရားဝတ်မပြုမီနှင့် ဝတ်ပြုပြီးအချိန်တွေမှာလည်း သောက်တော်ရေကပ်ပါ ၊ ယပ်တော်သွင်းပါ ။
🙏 မြတ်စွာဘုရားထံ ယပ်တော် လှူဒါန်းခြင်းဖြင့် -
(၁) ပူပင်သောကမရှိခြင်း
(၂) ခန္ဓာကိုယ် အေးမြချမ်းသာခြင်း
(၃) စိတ်ကြည်လင် ငြိမ်ချမ်းခြင်း
(၄) ရာဂမီး တောက်လောင်မှုကင်းရှင်းခြင်း
(၅) ဒေါသမီး တောက်လောင်မှုကင်းရှင်းခြင်း
(၆) မောဟမီး တောက်လောင်မှုကင်းရှင်းခြင်း
(၇) ဒီဠိမိး ပူလောင်မှူကင်းရှင်းခြင်း
(၈) မာနမီး ပူလောင်မှုကင်းရှင်းခြင်း
(၉) ရန်သူများကိုအောင်နိုင်ခြင်း စတဲ့ အကျိုး(၉)ပါးကိုရရှိစေပါတယ်။













