လူတွေနဲ့ စကားပြောနည်း

လူတွေနဲ့ စကားပြော ရင်
သိပ် မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မရောလိုက်နဲ့။
ကိုယ့်အားနည်းချက်ကို နင်းသွားတတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မစပ်စုနဲ့။
အထင်သေး အမြင်သေး ပြန်ကြည့် တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်တယ်။
လူတွေနဲ့ စကားပြောရင်
ဖြတ်မပြောနဲ့။
မယဉ်ကျေးသူလို့ သတ်မှတ် တတ်တယ်။
လူတွေနဲ့ စကားပြောရင်.
သိပ် မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ် မှတ်တတ်တယ်။
လူတွေနဲ့ စကားပြောရင်
သိပ် အတင်းမပြောနဲ့။
သူ့ အကြောင်း လည်း
အခြားလူတွေကို
သင် ပြောမှာပဲလို့
သတ်မှတ် တတ်တယ်။
သိထားရမှာက
လူတိုင်းက စိတ်သောက များကြတဲ့အတွက်
ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာ စကားပဲ..
ကြားချင် ကြတယ်။
သို့ဖြစ်၍
သူတစ်ပါး စိတ် ချမ်းသာဖို့
အဓိကထား ရည်ရွယ်
ပြောဆိုပါ။
စကားဆိုတာ
အမှန်တရား ဖြစ်စေဦးတော့
ပြောသင့် မပြောသင့် ချင့်ချိန်ပါ။
မှန်တဲ့စကားက နားထောင်သူအတွက်
အကျိုးရှိကောင်း ရှိမယ် ။
ပြောတဲ့သူ အတွက်တော့
အန္တရာယ် အသွယ် သွယ်
ရန်အသွယ် သွယ်
ဖြစ်ပွားတတ် တယ်နော်။
အရမ်းရင်းနှီးသူပင် ဖြစ်ပါစေ.
စကားကို ချင့်ချိန်ပြောလိုက်ပါ။













