အိမ်မက်နိမိတ်များ

- ရေကို မြင်မက်ခြင်း -
ရေကြည်ရေသန့်ကို မြက်မြင်ရခြင်း ၊ ရေကူးရခြင်းဟာ စိတ်အေးချမ်းသာရခြင်း ၊ ကံကောင်းခြင်း ၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းကို ပြဆိုပါတယ် ။
- ရေနောက်၊ ရေကြီးရေလျှံမှုကို မြက်မြင်ရရင်တော့ အနှောင့်အယှက်၊ စိုးရိမ်ပူပန်စရာ သို့မဟုတ် ကျန်းမာရေး သတိထားရမည့် နိမိတ်လို့ ယူဆကြပါတယ်။
- တိရစ္ဆာန်များကို မြင်မက်ခြင်း
မြွေကို မြက်မြင်မက်ခြင်း (သို့မဟုတ် မြွေကိုက်ခံရခြင်း): မြန်မာ့အယူအဆအရ ကိုက်ခံရလျှင် ကံကောင်းတတ်သည်၊ လာဘ်ရတတ်သည်ဟု ဆိုကြပြီး အချို့ကလည်း မိတ်ဆွေကောင်း သို့မဟုတ် ဘဝလက်တွဲဖော်နှင့် တွေ့ဆုံရမည့် နိမိတ်အဖြစ် ယုံကြည်ကြပါတယ်။
- ဆင်၊ ကျား စသည့် တိရစ္ဆာန်ကြီးများ အာဏာ၊ ဂုဏ်သိက္ခာ တက်ခြင်း၊ ရာထူးတိုးခြင်း သို့မဟုတ် အကြီးအကဲများ၏ အကူအညီရခြင်းကို ညွှန်ပြတတ်ပါတယ် ။
- မီးကို မြင်မက်ခြင်း
အိမ်မှာမီးလောင်သည်ကို မြက်မြင်ရခြင်းသည် စီးပွားရေး တိုးတက်ခြင်း၊ ငွေကြေးဝင်ရောက်ခြင်းတို့နှင့် ဆက်စပ်ပြီး ကောင်းသောနိမိတ်အဖြစ် အများစုက ယူဆကြပါတယ်။
- ပန်းနှင့် သစ်သီးများကို မြင်မက်ခြင်း
လှပတဲ့ ပန်းများကို မြင်ရခြင်း၊ သစ်သီးဝလံတွေ ရင့်မှည့်နေတာကို တွေ့ရခြင်းဟာ မင်္ဂလာရှိခြင်း၊ သတင်းကောင်း ကြားရခြင်း၊ သားသမီးရတနာ တိုးပွားခြင်းတို့ကို ကိုယ်စားပြုပါတယ်။
ကောင်းကစားပြင်နှင့် ပတ်သက်သည်များ
နေ၊ လ၊ ကြယ်များကို ထင်ရှားစွာ မြင်မက်ခြင်း၊ ကောင်းကင်ပျံသန်းရခြင်းတို့သည် အောင်မြင်မှုကြီးကြီးမားမား ရရှိမည့် လက္ခဏာလို့ ဆိုကြပါတယ်။













